MYAMAR REFORMED PRESBYTERIAN COMMUNITY CHURCH

Moderator Message​

  ကျွန်ုပ်တို့သည် တစ်ခါမျှ မတွေ့ကြုံဖူးသည့် ဆင်းရဲဒုက္ခ ကျရောက်သည့် အခြေအနေတွင် နေထိုင် နေကြပါသည်။ သို့သော် ဆင်းရဲဒုက္ခသည် အခွင့်အရေးဖြစ်သည် ဆိုသည့် စကား ရှိသကဲ့သို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တန်ခိုးတော်နှင့် နိမိတ်လက္ခဏာကို မြည်းစမ်းကြည့်နိုင်သည့် အခွင့်အရေး ဖြစ်မည်ဆိုသည်ကို ယုံကြည်ပါသည်။
အသင်းတော် သမိုင်းကို ကြည့်မည်ဆိုလျှင်၊ အသင်းတော်သည် မြောက်များစွာသော ဆင်းရဲဒုက္ခနှင့် စုံစမ်းခြင်းများ ထဲတွင် ကျရှုံးသွားခြင်း မရှိဘဲ သာ၍ ကြီးထွား အောင်မြင်လျက်ရှိခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ မည်သူမည်ဝါ ဖြစ်ကြောင်း သေချာ သိပြီး မူလ ဖြစ်တည်မှု အတိုင်း လျှောက်လှမ်းရမည်။

  ကျွန်ုပ်တို့သည် ဤလောကကြီးထဲတွင် ခေါ်တော်မူခြင်း ခံရသော ဘုရားသခင်၏ သားသမီးများ ဖြစ်ပြီး (၁ကော ၁း၂)၊ လောကကြီးကို ကယ်တင်ရန်အတွက် ပို့ဆောင်ခြင်း ခံရသော ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များ (ယော ၂ဝး၂၁၊ ၁ကော ၃း၉) ဖြစ်ခြင်းကို မေ့ထား၍ မရနိုင်ပါ။
  ယေရှုခရစ်တော် ကဲ့သို့ အရုဏ်ဦး ဆုတောင်းခြင်း (မာ ၁း၃၅)၊ ရှေးခေတ် ယုံကြည်သူများကဲ့သို့ ဧဝံဂေလိ သတင်းကောင်းဝေမျှခြင်း၌ အားစိုက်ပြီး (တ ၅း၄၂) အချင်းချင်း ကူညီခြင်း၊ မေတ္တာပြခြင်းဖြင့် ကျွန်ုပ်တို့အား အပ်ပေးသည့် တာဝန်အား အစွမ်းကုန် ကြိုးစား လျှောက်လှမ်းသည့် သစ္စာရှိသော ဘဏ္ဍစိုးများ (၁ကော ၄း၂) ဖြစ်ဖို့ရန် မျှော်လင့်ပါသည်။